LEXO

LEXO ၀၅ ဆက်တင်များ

v0.4.1 AGPL-3.0

ဆက်တင်နှင့် Environment Variable များ

OCR ဘာသာစကား၊ Render Resolution၊ Concurrency၊ Batch Size၊ Logging နှင့် credentials.json တည်နေရာအတွက် LEXO ၏ LEXO_ Environment Variable များနှင့် LEXO ဖိုင်များ သိမ်းဆည်းတဲ့နေရာ။

LEXO ကို မူလဆက်တင်တွေနဲ့ တိုက်ရိုက် သုံးနိုင်ပါတယ်။ တန်ဖိုးတစ်ခုခု ပြောင်းချင်ရင် environment variable သတ်မှတ်ပါ။ LEXO ကို စတင်လုပ်ဆောင်တဲ့ Folder ထဲမှာ .env ဖိုင်တစ်ခု ဖန်တီးပြီး အဲဒီအမည်တွေနဲ့ တန်ဖိုးတွေကို ထည့်ပေးလို့လည်း ရပါတယ်။

ဆက်တင်များ

ဆက်တင်အမည် Default value လုပ်ဆောင်ချက်
LEXO_OCR_LANGUAGE my --lang မပေးတဲ့အခါ သုံးမည့် OCR ဘာသာစကား သတ်မှတ်ချက်
LEXO_RENDER_DPI 300 OCR မလုပ်မီ စာမျက်နှာကို ပုံအဖြစ် ပြောင်းတဲ့အခါ သုံးမယ့် resolution (DPI)
LEXO_CONCURRENCY 4 တစ်ပြိုင်နက် OCR လုပ်မည့် စာမျက်နှာ အရေအတွက်
LEXO_OCR_BATCH_SIZE 8 Memory အလွန်အကျွံ မသုံးမိစေဖို့ တစ်သုတ်စီမှာ ပုံအဖြစ် ပြောင်းပြီး OCR လုပ်မယ့် စာမျက်နှာအရေအတွက်
LEXO_LOG_LEVEL INFO Log အသေးစိတ်အဆင့်
LEXO_GOOGLE_CREDENTIALS credentials.json လမ်းကြောင်း၊ Config folder ထက် အရင် စစ်ပါတယ်

macOS သို့မဟုတ် Linux တွင် Command တစ်ခုအတွက် ဥပမာ -

LEXO_CONCURRENCY=2 lexo ocr scan.pdf -o scan.txt

Windows PowerShell တွင် -

$env:LEXO_CONCURRENCY = "2"
lexo ocr scan.pdf -o scan.txt

.env ဖိုင် -

LEXO_OCR_LANGUAGE=my
LEXO_CONCURRENCY=2

LEXO က ဖိုင်များကို ဘယ်မှာ သိမ်းသလဲ

မိမိစက်ရှိ Folder အတိအကျကို lexo info ဖြင့် ကြည့်ပါ -

lexo 0.4.1
data dir:   …
config dir: …
  • Config folder - credentials.json ကို ပုံမှန်ထားရတဲ့ နေရာဖြစ်ပါတယ်။
  • Data folder - ပြင်ဆင်ဖို့ ဖန်တီးထားတဲ့ မိတ္တူတွေနဲ့ ယာယီဖိုင်တွေကို သိမ်းထားပါတယ်။ အရင်အသုံးပြုခဲ့စဉ်က ကျန်တဲ့ ယာယီဖိုင်တွေကို အက်ပ်ထဲက Help → Clean Up Temporary Files… ဖြင့် ဖယ်ရှားနိုင်ပါတယ်။
  • OS keychain - Google အကောင့်ဝင်ခွင့် token ကို သိမ်းထားပါတယ်။ မိမိကိုယ်တိုင် ဖိုင်တစ်ခုအဖြစ် ကိုင်တွယ်စရာ မလိုပါဘူး။ ဖျက်ဖို့ lexo logout ကို သုံးပါ။

Folder တည်နေရာများက OS တစ်ခုချင်း၏ စံနှုန်းကို (platformdirs မှတစ်ဆင့်) လိုက်နာပါတယ်။