LEXO ကို ထည့်သွင်းပါ
LEXO ကို Python package အဖြစ် ထည့်သွင်းနိုင်ပါတယ်။ Command တစ်ကြောင်းတည်းနဲ့ Desktop app နဲ့ CLI နှစ်မျိုးလုံးကို ရရှိပါတယ်။ သီးခြား installer ဖိုင် ဒေါင်းလုဒ်ဆွဲဖို့ မလိုပါဘူး။
- လက်ရှိဗားရှင်း
- v0.4.1
- ထုတ်ဝေတဲ့ရက်
- မှတ်တမ်း
- ပြောင်းလဲမှု မှတ်တမ်း
ထည့်သွင်းနည်း ရွေးပါ
uv
အကြံပြုထားတဲ့နည်း ဖြစ်ပါတယ်။ LEXO ကို သီးခြား tool အဖြစ် ထည့်သွင်းပေးပြီး Python ကိုပါ ထည့်သွင်းပေးနိုင်ပါတယ်။
uv tool install lexo pip
Python ပတ်ဝန်းကျင်တိုင်းမှာ သုံးနိုင်ပါတယ်။ သီးခြား Python ပတ်ဝန်းကျင် (virtual environment) သုံးရင် ပိုသပ်ရပ်ပါတယ်။
python -m pip install lexo LEXO တွင် .exe၊ .dmg သို့မဟုတ် AppImage မရှိပါဘူး။ အခြားနေရာတွင် တွေ့ပါက ဒီ Project မှ မဟုတ်ပါဘူး။
လိုအပ်ချက်များ
- Python
- 3.11၊ 3.12 သို့မဟုတ် 3.13
- OS
- Windows၊ macOS သို့မဟုတ် Linux (GUI အတွက် Desktop ပါရှိရမယ်)
- System Dependency
- မလိုပါဘူး။ Qt၊ PDF Engine နှင့် မြန်မာဖောင့် ပက်ကေ့ချ်ထဲ ပါပြီးသား
- Google Docs OCR အတွက်
- Google အကောင့် တစ်ခုနှင့် တစ်ကြိမ်သာ လုပ်ရတဲ့ Google Cloud ပြင်ဆင်မှု
- License
- AGPL-3.0-or-later၊ အခမဲ့
ပထမဆုံး အသုံးပြုခြင်း
-
ထည့်သွင်းမှု အောင်မြင်မအောင်မြင် စစ်ဆေးပြီး Config folder ကို ရှာပါ။
lexo info -
Desktop app ကို ဖွင့်ပါ။
lexo gui -
Text layer မှ ထုတ်ယူခြင်းနှင့် PDF ကိရိယာအားလုံးကို ယခုပင် သုံးနိုင်ပါပြီ။ စကင်ဖိုင်များအတွက် Google Cloud ပြင်ဆင်မှုကို တစ်ကြိမ် ပြုလုပ်ပြီး အကောင့်ဝင်ပါ။
lexo login
uv ဖြင့် ထည့်သွင်းခြင်းနှင့် Google Cloud ပြင်ဆင်နည်း
uv tool install lexo ဖြင့် ထည့်သွင်းပါ။ Google Cloud project ဖန်တီး၊ Drive API ဖွင့်၊ OAuth ခွင့်ပြုချက်ပြင်ဆင်ပြီး credentials.json ကို Config folder ထဲ ထည့်ပါ။ နောက်ဆုံး lexo login ဖြင့် အကောင့်ဝင်ပါ။
ကြာချိန် 1:34 · အသံမပါပါဘူး။ မျက်နှာပြင်ပေါ်က စာတန်းတွေနဲ့ ရှင်းပြထားပါတယ်။
ဗားရှင်းမြှင့်ခြင်း
PyPI မှာ ဗားရှင်းအသစ် ရှိမရှိ စစ်ဆေးပြီး မူလထည့်သွင်းခဲ့တဲ့ tool နဲ့ ဗားရှင်းမြှင့်ပါ။
lexo check-update uv tool upgrade lexo pipx upgrade lexo python -m pip install --upgrade lexo